မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူးဦးဆောင်၍ ပုဂ္ဂလိကစက်မှုလက်မှုလုပ်ငန်းများသို့ လစဉ်ပုံမှန်ကွင်းဆင်းစစ်ဆေး ခြင်းစီမံချက်အရ ၁၅-၅-၂၀၂၄ ရက်နေ့၊ နံနက် (၉:၀၀)နာရီအချိန်တွင် မင်းဘူးခရိုင်၊ စကုမြို့နယ်အတွင်းရှိ "ရှင်းထက်" သောက်ရေသန့်စက်ရုံနှင့် "ကောင်းသန့်စံ" သောက်ရေသန့်စက်ရုံတို့အား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စက်ရုံများအား ပုံမှန်ကွင်းဆင်းစစ်ဆေးချက်ပုံစံ (၂၄)ချက်နှင့်အညီ မေးမြန်းစစ်ဆေး ခြင်း၊ သောက်ရေသန့်စက်ရုံများ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု အဆင့်ဆင့်အား ကြည့်ရှုစစ်ဆေး ခြင်း၊ ကုန်ကြမ်းသိုလှောင်ထားရှိမှု အခြေအနေများအား စစ်ဆေးခြင်း၊ စွန့်ပစ်ပစ္စည်းနှင့် စွန့်ပစ်ရေ စွန့်ပစ်မှုတို့ အခြေအနေအရပ်ရပ်တို့အား မြေပြင်ကွင်းဆင်းစစ်ဆေး၍ မိမိလုပ်ငန်းလည်ပတ် ဆောင်ရွက်မှုကြောင့် ပတ်ဝန်းကျင်အပေါ်ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေးတို့အတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအား ညွှန်ကြားဆောင်ရွက်ခဲ့ပါသည်။