အများပြည်သူနှင့် တိုင်ပင်ဆွေးနွေး

        ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကုန်း‌ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၆၇၀)၊ ဦးပိုင်အမှတ်- ၂၆က/၆၅) ရှိ မြေဧရိယာ(၄.၀၇) ဧက‌ပေါ်တွင် Nilar Frozen Food Company ၏ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို အေးခဲသန့်စင်ပြီး တာရှည်ခံအောင်ထုပ်ပိုး၍ ပြည်ပသို့တင်ပို့‌ရောင်းချခြင်းလုပ်ငန်းအတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီအစဉ်(EMP)ပါ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်း အခမ်းအနားကို ၁၅-၅-၂၀၂၄ ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကျင်းပခဲ့ပြီး နေပြည်တော်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဉီးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သောအဖွဲ့ တက်ရောက်၍ အများပြည်သူနှင့် တိုင်ပင်ဆွေးနွေးခြင်းဆိုင်ရာ လိုက်နာဆောင်ရွက်ရမည့် အချက်များအား ဆွေးနွေးခဲ့ပါသည်။

        အခမ်းအနားတွင် ဌာနဆိုင်ရာများ၊ စီမံကိန်းတာဝန်ရှိသူများ၊ တတိယအဖွဲ့အစည်းမှ ကျွမ်းကျင်ပညာရှင်များ၊ ဒေသခံရပ်မိရပ်ဖများ စုစုပေါင်း(၁၅)ဉီး တက်ရောက်ခဲ့ပြီး အခမ်းအနား တက်ရောက်လာသူများအား ရေချွေတာသုံးစွဲရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါသည်။