တနင်္သာရီတိုင်းဒေသကြီး၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆောင်၍ ထားဝယ်မြို့ ကမ်းနားဈေးနှင့် စည်ပင်သာယာ မြို့မဈေးတို့တွင် ၁၆-၅-၂၀၂၄ ရက်နေ့၊ နံနက် (၇:၀၀)နာရီမှ (၈:၃၀)နာရီအထိ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
၂၀၂၄ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြိုလှုပ်ရှားမှုအနေဖြင့် "ရာသီဥတုပြောင်းလဲခြင်း" ၊"ထိန်းသိမ်းသင့်သော ပင်လယ်မြက်များနှင့် အဏ္ဏဝါဂေဟ စနစ်" နှင့် "ပလတ်စတစ်၏ ဆိုးကျိုးများ" စသည်ခေါင်းစဉ်များပါဝင်သော အသိပညာ ပေးလက်ကမ်းစာစောင် (၅၀၀) စောင်နှင့် ပလတ်စတစ်အစားထိုး ဈေးဝယ်အိတ်များကို ထားဝယ်မြို့၏ လူစည်ကားရာ နေရာများ ဖြစ်သော ကမ်းနားဈေးနှင့် စည်ပင်သာယာ မြို့မဈေးတို့တွင် ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။