၂၀၂၄ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့၌ ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြိုလှုပ်ရှားမှုအနေဖြင့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သရက်မြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများဆောင်ရွက်

        ၂၀၂၄ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့၌ ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြိုလှုပ်ရှားမှုအနေဖြင့် မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် သရက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ ၁၆-၅-၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် သရက်မြို့၊ စည်ပင်သာယာဈေးကြီး(မြို့မစျေး)ရှိ စျေးသည်များ နှင့်စျေးဝယ်သူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြပါသည်။

        ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့် "သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး၊ မြေယာပြန်လည်ပြုပြင်ပေး" ဆောင်ပုဒ်နှင့်အညီ သဲကန္တာရနှင့် မိုးခေါင်ခြင်း၏အဓိပ္ပါယ်၊ သဲကန္တာရ ဖြစ်ထွန်းမှု၏ အဓိကအကြောင်းအရင်းများ၊ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုကို တိုက်ဖျက်နိုင်မည့် နည်းလမ်းများအား ပြည်သူများသိရှိစေရန်အတွက် "သဲကန္တာရဖြစ်ထွန်းခြင်းနှင့် မိုးခေါင်ရေရှားခြင်း" အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်‌ဝေပေးခဲ့ပါသည်။