ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ရန်ကြီးအောင်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ တနင်္လာနေ့တိုင်း အမှိုက်ခွဲခြား စွန့်ပစ်ရေးနှင့် ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး (Monday Stop) လှုပ်ရှားမှုအဖြစ် ၂၀-၅-၂၀၂၄ ရက်နေ့၊ နံနက် (၀၇:၀၀) နာရီအချိန်တွင် ဈေးသည်နှင့် ဈေးဝယ်လာသူ(၁၇၀)ဦးအား အမှိုက်ခွဲခြားစွန့်ပစ်မှုနှင့် ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။
ဆက်လက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးနှင့် ဝန်ထမ်းအိမ်ရာအနီးတစ်ဝိုက် မီးလောင်မှုမဖြစ်ပွားစေရေး၊ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးမှုကင်းဝေးစေရေးတို့အတွက် မီးဘေးစီမံချက်ပါအတိုင်း ဇာတ်တိုက်လေ့ကျင့်ခြင်း၊ အသိပညာမျှဝေပေးခြင်းနှင့် သရုပ်ပြမီးငြှိမ်းသတ် လေ့ကျင့်ခြင်းတို့အား မြို့နယ်မီးသတ်ဦးစီးဌာနနှင့်ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။