ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း (Talk Show) နှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မိတ္ထီလာခရိုင်၊ ညောင်ဦးခရိုင်နှင့် တံတားဦးမြို့နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အရာထမ်းများပူးပေါင်း၍ ခရိုင်၊ မြို့နယ်များရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ၂၀-၅-၂၀၂၄ ရက်နေ့၊ နံနက်ပိုင်းတွင် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အကြိုလှုပ်ရှားမှုအဖြစ် အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သော “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားမှုဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” အကြောင်းအရာခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးခြင်းများ(Talk Show) ဆောင်ရွက်ခဲ့ပါသည်။
အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်မှုနှင့်အတူ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးနံရံကပ်ပိုစတာများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ ပေးအပ်ခဲ့ပါသည်။