ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ်မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

၂၀၂၄ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာဇီဝမျိုးစုံမျိုးကွဲများနေ့အထိမ်းအမှတ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို (၂၂-၅-၂၀၂၄) ရက်နေ့၊ နံနက် (၇) နာရီတွင် ညောင်ပင်စျေးရပ်ကွက် မဟာနာဂဝံသသိမ်ကျောင်းဝန်းအတွင်း၌ကျင်းပခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သစ်တောဦးစီးဌာန၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၅) ဦး တက်ရောက်ခဲ့ကြပြီး ပျိုးပင်ပေါင်း (၄၅၀) ပင်ကို စိုက်ပျိုးခဲ့ကြသည်။