ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ "သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာနမှ "သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးဟောပြောပွဲ"ကို ၂၂-၅-၂၀၂၄ ရက်နေ့၊ နံနက် (၀၈:၀၀) နာရီတွင် ဒိုက်ဦးမြို့နယ်၊ ကျောက်တလုံးကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အသိပညာပေးဟောပြောရာတွင် သစ်တောသစ်ပင်နှင့်ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းခြင်းဆိုင်ရာများ၊ သစ်တောများနှင့်ရာသီဥတုပြောင်းလဲမှုလျှော့ချရေးသိကောင်းစရာများနှင့် သစ်တောများမှပေးစွမ်းနိုင်သောအကျိုးကျေးဇူးများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများသည် ဒိုက်ဦးမြို့နယ်၊ သစ်တောဦးစီးဌာန အုတ်ရှစ်ကုန်း အမြဲတမ်းပျိုးဥယျာဉ်တွင် ပျိုးပင်များ ပျိုးထောင်ထားရှိပုံနှင့် မိုးယွန်းကြီးအင်းဘေးမဲ့တောသို့ သွားရောက်လေ့လာခဲ့ကြပါသည်။