ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မြစ်ကြီးနားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် မြစ်ကြီးနားခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနသို့ သွားရောက်ပြီး ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သော "သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး" ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို ၂၃-၅-၂၀၂၄ ရက်နေ့ နံနက် (၁၁း၃၀)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။
Talk Show အစီအစဉ်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ နောက်ခံသမိုင်း၊ သဲကန္တာရဖြစ်ထွန်းခြင်းနှင့် မိုးခေါင်ရေရှားရသည့် အကြောင်းအရင်းများ၊ ပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှုများ၊ သဲကန္တာရဖြစ်ထွန်းမှုနဲ့ မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေးအတွက် ကာကွယ်တားဆီးနိုင်မည့် နည်းလမ်းများနှင့် လိုက်နာဆောင်ရွက်သင့်သည့် အချက်များအား ဆွေးနွေးခဲ့ပါသည်။