နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေအတွင်းရှိ စက်ရုံ/ အလုပ်ရုံများသို့ လစဉ် ပုံမှန်ကွင်းဆင်းစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ကွင်းဆင်းစစ်ဆေးဆောင်ရွက်မည့်လျာထားချက်အရ ပြည်ထောင်စုနယ်မြေအတွင်းရှိ စက်ရုံ/အလုပ်ရုံများသို့ ကွင်းဆင်းစစ်ဆေးချက်ပုံစံ (၂၄)ချက်နှင့်အညီ လစဉ်ပုံမှန်ကွင်းဆင်းစစ်ဆေးလျက်ရှိရာ ၂၃-၅-၂၀၂၄ ရက်နေ့တွင် ပျဉ်းမနားမြို့နယ်အတွင်းရှိ သစ်စက်လုပ်ငန်း၊ လျှာထိုးနှင့် သစ်ခွဲသားအချောထည်လုပ်ငန်း၊ မြကန်သာမုန့်ဖတ်လုပ်ငန်းနှင့် စင်္ကြာပဲပြားလုပ်ငန်းများ၊ ဟာလာဆန်စက်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေးပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါသည်။