ရန်ကုန်‌တောင်ပိုင်းခရိုင်တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အကြိုအသိပညာပေး Talk Show ဆောင်ရွက်

၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်‌တောင်ပိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနှင့် သန်လျင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သန်လျင်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ၂၃-၅-၂၀၂၄ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ရေး” ခေါင်းစဉ်ဖြင့် အသိပညာပေး Talk Show ဆောင်ရွက်ခဲ့ပါသည်။

Talk Show အစီအစဉ်တွင် သဲကန္တာရဖြစ်ထွန်းခြင်း၏ အဓိကအကြောင်းအရင်းများ၊ သဲကန္တာရဖြစ်ပေါ်ခြင်းကြောင့် အကျိုးဆက်များ၊ ဖြေရှင်းဆောင်ရွက်ရန် နည်းလမ်းများနှင့်  မြန်မာနိုင်ငံတွင် သဲကန္တာရ မဖြစ်ပေါ်လာစေရန် ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသို့ "မြေယာပြန်လည်ပြုပြင်ရေးဆိုင်ရာ" အကြောင်း နှင့် "ဂေဟစနစ်ထိန်းသိမ်းရေးဆိုင်ရာ" အကြောင်း အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ပါသည်။