မိုင်းဆတ်မြို့နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မိုင်းဆတ်မြို့နယ် မိုင်းဆတ်-မိုင်းခုတ်သွား ကားလမ်းဘေး မိုင်းဖုန်းဆရာတော် ကျောင်းဝန်းအတွင်းတွင် ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင် စိုက်ပျိုးခြင်းအား ၂၆-၅-၂၀၂၄ ရက်နေ့၊ နံနက် ၇:၀၀နာရီအချိန်၌ ကျင်းပရာ  ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ရဲတပ်ဖွဲ့၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ၊ မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ မိုင်းဆတ်မြို့နယ် အဖြူရောင်လူငယ်အဖွဲ့ဝင် များနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၂၅၀)ဦး တက်ရောက် စိုက်ပျိုးခဲ့ပါသည်။