မွန်ပြည်နယ်၊ မုဒုံမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

မွန်ပြည်နယ် မုဒုံမြို့နယ် သစ်တောဦးစီးဌာနမှ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို မုဒုံမြို့၊ မြို့မ(၄)ရပ်ကွက်၊ ကန်ကြီးရပ်၌ ၂၆-၅-၂၀၂၄ ရက်နေ့၊ နံနက် ၈:၀၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။ သစ်ပင်စိုက်ပျိုးပွဲကို မုဒုံမြို့နယ်တပ်နယ်မှူး၊ မော်လမြိုင်-သထုံ ခရိုင်သစ်တောဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့၊ ဆရာ/ဆရာမများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။

သစ်ပင်စိုက်ပျိုးပွဲတွင် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရန်၊ ရာသီဥတုအပူဒဏ် နှင့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် ကျွန်း၊ ပျဥ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ အော်ရီရှား၊ စိန်ပန်းကြီး၊ ပျဉ်းမ၊ သင်္ကန်းစသည့် အဖိုးတန်နှင့် အရိပ်ရပျိုးပင် စုစုပေါင်း (၁၀၀၀) ပင်ကို တက်ရောက်လာကြသူများက စိုက်ပျိုးခဲ့ကြပါသည်။