တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(အကြို) မြို့နယ် အဆင့်သစ်ပင်စိုက်ပျိုးပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ်၊ မိုးရာသီ(အကြို)မြို့နယ်အဆင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို တနင်္သာရီမြို့နယ်၊ အောက်ကင်းအရှေ့ကျေးရွာ၊ ခမရ ၅၅၇ တပ်ရင်းအတွင်းတွင် ၂၅.၅.၂၀၂၄ ရက်နေ့၊ နံနက် ၈:၀၀ နာရီအချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။

သစ်ပင်စိုက်ပျိုးပွဲတော်သို့ တနင်္သာရီမြို့နယ်၊ အမှတ် ၂ စစ်နယ်မြေမှူး၊ တနင်္သာရီမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သစ်တောဦးစီးဌာနမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်း၊ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ၊ စုစုပေါင်း (၂၀၀)ဦး တက်ရောက်ပြီး ပျဉ်းကတိုး (၈၅)ပင်၊ မဟော်ဂနီ (၉၁) ပင်၊ စိန်ပန်း (၅၀) ပင်၊ ကံ့ကော်(၅၀) ပင်၊ ခရေ (၇၁)ပင်၊ စုစုပေါင်း (၃၄၇) ပင်အား စိုက်ပျိုးခဲ့ကြပါသည်။