တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် ကော့သောင်းခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်း၍ ၂၀၂၄ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲများကို ၂၇-၅-၂၀၂၄ ရက်နေ့၊ နံနက်(၉:၁၅) နာရီအချိန်တွင် ကော့သောင်းမြို့၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပနေမှုအား လာရောက်ကြည့်ရှု အားပေးခဲ့ပါသည်။  

စာစီစာကုံးပြိုင်ပွဲကို ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိအမြင်များ ရရှိနိုင်စေရန် ရည်ရွယ်၍ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၁၀)ဦးနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ (၁၁) ဦး၊ စုစုပေါင်း (၂၁) ဦး ဖြေဆိုခဲ့ကြပါသည်။