တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် သစ်တောဦးစီးဌာန၊ ၂၀၂၄ ခုနှစ် မိုးရာသီ(အကြို) မြို့နယ်အဆင့်သစ်ပင်စိုက်ပျိုးပွဲတော်ကို ရေဖြူမြို့၊ (က)ရပ်ကွက်၊ ကညင်ကောက်ကျေးရွာ သင်္ချိုင်းဧရိယာအတွင်း ၂၈.၅.၂၀၂၄ ရက်နေ့၊ နံနက် (၁၀:၀၀)နာရီ အချိန်တွင် ကျင်းပဆောင်ရွက်ခဲ့ပါသည်။
သစ်ပင်စိုက်ပျိုးပွဲတော်သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇင်လင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအသင်း၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့်ဒေသခံပြည်သူများ၊ စုစုပေါင်း(၈၀)ဦး တက်ရောက်ပြီး ပျဥ်းကတိုး(၁၅၀)ပင်၊ ခရေ (၅၀)ပင်၊ မန်ဂျန်ရှား(၁၀၀)ပင်၊ စိန်ပန်း(၅၀)ပင်၊ မယ်ဇလီ(၅၀)ပင် ၊ စုစုပေါင်း (၄၀၀)ပင် အား အောင်မြင်စွာ စိုက်ပျိုးခဲ့ပါသည်။