ပန်းတနော်မြို့၌ ၂၀၂၄ ခုနှစ် မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ သစ်တောသစ်ပင်များထိန်းသိမ်းခြင်းနှင့် ဒေသအပူချိန်လျှော့ချနိုင်စေရန်ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကို ၂၈-၅-၂၀၂၄ နံနက် (၈:၀၀)နာရီအချိန်တွင် ဂုံမင်းကျေးရွာ တောရဘုန်းကြီးကျောင်းဝန်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့သည်။

သစ်ပင်စိုက်ပျိုးပွဲတော်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ညောင်တုန်းမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး၊ ပန်းတနော်မြို့နယ် သစ်တောဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့နှင့် ဒေသခံပြည်သူများ စုစုပေါင်းအင်အား (၂၀၀)ဦးခန့်တို့က မန်ဂျန်ရှား(၁၀၀)ပင်၊ မဟော်ဂနီ(၁၀၀)ပင်၊ ကျွန်း(၁၀၀)ပင်၊ ယူကလစ်(၅၀)ပင်၊ စိန်ပန်း (၅၀)ပင်၊ စုစုပေါင်း (၄၀၀)ပင်အား စိုက်ပျိုးခဲ့ကြပါသည်။