သစ်တောထွက်ပစ္စည်းကဏ္ဍပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးကျင်းပ

        သစ်တောထွက်ပစ္စည်းကဏ္ဍပို့ကုန်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအစည်းအဝေးကို ၃၁-၅-၂၀၂၄ ရက်နေ့၊ နေ့လယ်ပိုင်းတွင် သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ သစ်တောထွက်ပစ္စည်းကဏ္ဍပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဥက္ကဌ၊ သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (မူဝါဒနှင့်စီမံကိန်း)၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြပြီး ဖိတ်ကြားထားသည့် သစ်တောထွက်ပစ္စည်းနှင့် ဆက်စပ်သည့် အသင်းအဖွဲ့တာဝန်ရှိသူများနှင့် ဆက်စပ်ဌာနများရှိ တာဝန်ရှိသူများမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။

        အစည်းအဝေးတွင် သစ်တောထွက်ပစ္စည်းကဏ္ဍအလိုက် လုပ်ငန်းစီမံချက်များအပေါ်တွင် ဆောင်ရွက်ပြီးစီးမှုအခြေအ‌နေ၊ လာမည့်(၃)လအတွင်း ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် တွေ့ကြုံရမည့်အခက်အခဲများကို အကြံပြုဆွေးနွေးခဲ့ကြပါသည်။