ကချင်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် စုပေါင်းသစ်ပင်စိုက်ပျိုး

ကချင်ပြည်နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဦး‌ဆောင်၍ မြစ်ကြီးနားခရိုင်မှူး၊ ခရိုင်ပညာရေးမှူး၊ မြို့နယ်ပညာရေးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းလူဦး‌ရေ (၈၀) ဦးဖြင့် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ် အကြိုလှုပ်ရှားမှုအဖြစ် အမှတ်(၁၀)၊ အခြေခံပညာအထက်တန်းကျောင်း၊ မြစ်ကြီးနားမြို့၌ ၂၈-၅-၂၀၂၄ ရက်နေ့၊ နံနက် (၈:၀၀) နာရီအချိန်တွင် နှစ်ရှည်ပင်များဖြစ်သည့် ခရေ၊ ပိတောက်၊ ယင်းမာ၊ ကျွန်း၊ မယ်ဇလီ၊ မန်ဂျန်ရှားစသည့် ပျိုးပင်စုစုပေါင်း (၁၀၀) ပင်အား စုပေါင်း၍ စိုက်ပျိုးခဲ့ပါသည်။

သစ်ပင်စိုက်ပွဲသို့ တက်ရောက်လာသူများအား ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ်ဆောင်ပုဒ်ဖြစ်သော "သဲကန္တရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာ ပြန်လည်ပြု‌ပြင်ပေး" ခေါင်းစဉ်ဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာ‌စောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။