မြောင်းမြမြို့နယ်၊ မြစိမ်းရောင်တောင်သာသနာ့နယ်မြေတွင် ၂၀၂၄ ခုနှစ် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် ၊ မြစိမ်းရောင်သာသနာ့နယ်မြေ၌ ၃၀-၅-၂၀၂၄ရက်နေ့၊ နံနက်(၈)နာရီတွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဒေသခံပြည်သူများစုပေါင်း၍ လူဦးရေ(၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြပြီး  မန်ဂျန်ရှား(၆၀၀)ပင် ၊  မဟော်ဂနီ(၁၄၀)ပင်၊ ကျွန်း(၁၀၀)ပင်၊ မျောက်ငို(၂၀၀)ပင် စုစုပေါင်း ပျိုးပင်ပေါင်း(၁၀၄၀)ပင်ကို စိုက်ပျိုးခဲ့ကြပါသည်။