ချင်းပြည်နယ် ၊ ပဲခူးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ၂၀၂၄ ခုနှစ် မိုးရာသီ အကြို သစ်ပင်စိုက်ပျိုးပွဲများကျင်းပ

၂၀၂၄ ခုနှစ် မိုးရာသီအကြိုသစ်ပင်စိုက်ပျိုးပွဲများကို ၁-၆-၂၀၂၄ ရက်နေ့တွင် ချင်းပြည်နယ်ဟားခါးမြို့၊ မြို့တော်ပန်းခြံ၌လည်းကောင်း၊ ၂-၆-၂၀၂၄ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးပန်းတောင်းမြို့နယ်၊ရေဝင်ရွာလေးကျေးရွာ၌လည်းကောင်း၊ ၄-၆-၂၀၂၄ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး  ကန့်ဘလူမြို့၊ ကုတင်၁၀၀ဆေးရုံဝင်းအတွင်း၌လည်းကောင်း၊ ကျွန်းလှမြို့နယ် သီတဂူဗုဒ္ဓတက္ကသိုလ်ဝင်းအတွင်း၌လည်းကောင်း၊ ကလေးဝမြို့၊ အမှတ်(၁)ရပ်ကွက်၊ လူထုအားကစားကွင်း၌လည်းကောင်း၊ ခန္တီး-ဟုမ္မလင်းကားလမ်းဘေး မိုင်တိုင်အမှတ် ၂ မိုင် ၂ ဖာလုံအနီး၌လည်းကောင်း အသီးသီး ကျင်းပခဲ့ရာ ချင်းပြည်နယ်အစိုးရ သယံဇာတရေးရာဝန်ကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ဒေသခံပြည်သူများတက်ရောက်ခဲ့ကြပြီး ကျွန်း၊ ပျဉ်းကတိုး၊ မဟော်ဂနီ၊ မန်ဂျန်ရှား၊ သင်္ကန်း၊ ခရေ၊ စိန်ပန်းပင်များကို စိုက်ပျိုးခဲ့ကြပါသည်။