မြန်မာ့သစ်လုပ်ငန်း၊ ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ

          မြန်မာ့သစ်လုပ်ငန်း၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို  ၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၁ ရက်၊ နံနက် ၇:၃၀ နာရီအချိန်တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ငလိုက်စခန်းသာ ဆင်စခန်း၌ ကျင်းပပြုလုပ်ရာ မြန်မာ့သစ်လုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ အထွေထွေမန်နေဂျာများ၊ ဒုတိယအထွေထွေမန်နေဂျာများနှင့် အရာထမ်း/အမှုထမ်းများ၊ စုစုပေါင်း ၁၅၀ ဦး တက်ရောက်၍ သစ်မျိုး ၄ မျိုး (ရေသင်းဝင်၊မဲဇလီ၊ တမလန်း၊ မဟော်ဂနီ) စုစုပေါင်း အပင် ၅၇၀ အား စိုက်ပျိုးခဲ့ကြပါသည်။