မကွေးတိုင်းဒေသကြီးအတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လေထု၊ ရေထုအရည်အသွေး တိုင်းတာစစ်ဆေးခြင်းနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

        မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် မကွေးတက္ကသိုလ်၊ ရူပဗေဒဌာနတို့ပူးပေါင်း၍ ၁၁-၆-၂၀၂၄ ရက်နေ့တွင် မကွေးမြို့၊ ချမ်းသာယာရပ်ကွက်၊ စည်ပင်အမှိုက်ပုံဟောင်းပတ်ဝန်းကျင်၌ လေထုအရည်အသွေးတိုင်းတာစစ်ဆေးခြင်း၊ ဧရာဝတီမြစ်ရေနှင့် ဆားပွက်ချောင်း‌ရေ အရည်အသွေးတို့ တိုင်းတာစစ်ဆေးခြင်း၊ ကျွန်းသာယာပန်းခြံရှိ ကန်ရေအရည်အသွေး တိုင်းတာစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

        ထို့နောက် ချောက်မြို့နယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ချောက်မြို့၊ အ.ထ.ကခွဲ (အုံမြားကြီး) ကျောင်းမှ ကျောင်းသား/ ကျောင်းသူ များအား "စနစ်တကျ အမှိုက်စွန့်ပစ်ရေး" နှင့် "ရေချိုသယံဇာတရှားပါးလာခြင်း"ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခြင်း၊ သရက်မြို့၊ အ.မ.က၊ ပြည်တော်အေးကျောင်းတွင် ကျောင်းသား/ကျောင်းသူများအား “နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့အကြောင်းသိကောင်းစရာ” နှင့် “ရေသယံဇာတနှင့် ရေချွေတာသုံးစွဲရေး” ခေါင်းစဉ်များဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။