ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

တွံ‌တေးခရိုင်၊ဒလမြို့နယ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၁၃.၆.၂၀၂၄ ရက်နေ့၊ ၈း၃၀ နာရီအချိန်တွင် ထော်အောက်-ညောင်ငုတ္ထိုဆက်သွယ် ရေးလမ်းဘေး၌ ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံ‌ရေးတပ်ဖွဲ့မှူး၊ မြို့နယ်ထွေ/ အုပ်ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်သစ်တောဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ၊‌ ကျောင်းသူ/ကျောင်းသားများနှင့်ပြည်သူများ စုစုပေါင်းအင်အား(၂၅၀)တက်ရောက်ခဲ့ကြပြီး မန်ဂျန်ရှား (၁၅၀)ပင်၊ ပျဉ်းမ(၁၀၀)ပင်၊ ပျဉ်းကတိုး (၅၀)ပင်၊ မဟော်ဂနီ(၃၅)ပင်၊ ခရေ(၃၅)ပင်၊ ကံ့‌ကော်(၃၀)ပင်၊ စုစုပေါင်းပျိုးပင် (၄၀၀)ပင် စိုက်ပျိုးခဲ့ကြပါ‌သည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ သမဝါယမကောလိပ်ဝန်း (ဖောင်ကြီး)တွင် ၁၄-၆-၂၀၂၄ ရက်နေ့ ၇:၀၀နာရီအချိန်တွင်ကျင်းပပြုလုပ်ရာ  ရန်ကုန်တိုင်းဒေသကြီး၊ ဝန်ကြီးချုပ်နှင့်ဇနီး၊ တရားသူကြီးချုပ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ဗဟိုဝန်ထမ်းတက္ကသိုလ်နှင့်သမကောလိပ်တို့မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ ကျောင်းသူ/သားများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသူ/ကျောင်းသားများ၊ အသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၁၂၆၄)ဦး တက်ရောက်၍ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ မဟော်ဂနီ၊ ပျဉ်းမ၊ ခရေ ၊ စိန်ပန်း၊ မန်ဂျန်ရှား၊ မာလာ လူးကား စုစုပေါင်း သစ်မျိုး(၉) မျိုး အပင်ပေါင်း (၆၂၇၃)ပင်ကို စိုက်ပျိုးခဲ့ကြပါသည်။