ပုသိမ်မြို့၊ င၀န်မြစ်ကမ်းဘေးရှိ ရေယာဉ်သင်္ဘောများပေါ်တွင် အမှိုက်ပုံးများ ပေးအပ်ခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနနှင့် ပုသိမ်မြို့နယ် ရေယာဉ်များစနစ်တကျပြေးဆွဲရေးကြီးကြပ်မှုကော်မတီတို့ ပူးပေါင်း၍ ၁၈-၆-၂၀၂၄ ရက်နေ့၊ နံနက် ၉:၃၀ နာရီအချိန်တွင် ပုသိမ်မြို့ င၀န်မြစ်ကမ်းဘေးရှိ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊  အမှတ်(၁)တံတား၊ ဥမ္မာဒန္တီ တံတားနှင့် ဆိပ်ကမ်းတံတားအခြေစိုက် ဧရာဝတီတိုင်းဒေသကြီးအတွင်း ခရီးစဉ်ပြေးဆွဲလျက်ရှိသော ရေယာဉ်သင်္ဘောများပေါ်တွင် ပလတ်စတစ်အမှိုက်များကို စနစ်တကျစွန့်ပစ်ရေး အသိပညာပေးဗီနိုင်းများကပ်ခြင်း၊ အမှိုက်စွန့်ပစ်ရန် အမှိုက်ပုံးများပေးအပ်ခြင်းနှင့် ခရီးသွားပြည်သူများအား မြစ်ချောင်းနှင့်အဏ္ဏဝါအတွင်း ပလတ်စတစ် အမှိုက်များ မစွန့်ပစ်စေရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။