ဝါးစိုက်ပျိုးပြုစုခြင်းနှင့် ဝါးလက်မှုပစ္စည်းထုတ်လုပ်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

  သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာန (KFS) တို့ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော “ကိုရီးယား-မြန်မာ REDD+ လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း (FD-KFS REDD+ Project)” အစီအစဉ်ဖြင့် “ဝါးစိုက်ပျိုးပြုစုခြင်းနှင့် ဝါးလက်မှုပစ္စည်းထုတ်လုပ်ခြင်းသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ၁၇.၆.၂၀၂၄ ရက်နေ့ နံနက် (၉:၀၀)နာရီတွင် သစ်တောသုတေသနဌာနစုဝေးခန်းမ၊ ရေဆင်း၊ နေပြည်တော်၌ကျင်းပပြုလုပ်ရာ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။             

  အခမ်းအနားသို့ သစ်တောဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊အမှုထမ်းများနှင့် သင်တန်းသား/သူများ တက်ရောက်ကြသည်။ အဆိုပါသင်တန်းကို ၁၇.၆.၂၀၂၄ ရက်နေ့မှ ၂၄.၆.၂၀၂၄ ရက်နေ့အထိကျင်းပမည်ဖြစ်ပြီး ပြည်သူသင်တန်းသား/သူ (၂၀)ဦး တက်ရောက်လျက်ရှိသည်။