FD-AFoCO Model Forest စီမံကိန်း၏ သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းသရုပ်ပြကွက်၊ သစ်မျိုးစုံကွက်လပ်ဖြည့်စိုက်ပျိုးခြင်းသရုပ်ပြကွက်နှင့် သစ်မျိုးစုံစိုက်ခင်းတည်ထောင် ထားရှိမှုအခြေအနေများကွင်းဆင်းစစ်ဆေး

သစ်တောဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် လေ့ကျင့်ရေးနှင့်သုတေသနဖွံ့ဖြိုးရေးဌာနမှ ညွှန်ကြားရေးမှူး၊ ပဲခူးတိုင်းဒေသကြီး၊ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးတို့နှင့်အတူ FD-AFoCO Model Forest စီမံကိန်းမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ စလူကြိုးဝိုင်း၊ အကွက်အမှတ်(၂၄၁)၊ ဝါးကတုတ်ပျိုးဥယျာဉ်တွင် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (Four Stories) သရုပ်ပြကွက်(၂)ဧက၊ သစ်တောသစ်ပင်နှင့် သီးပင်စားပင်ပေါင်း (၁၃၈၄)ပင် စိုက်ပျိုးပြီးစီးမှု၊ သစ်မျိုးစုံကွက်လပ် ဖြည့်စိုက်ပျိုးခြင်း (၃.၆)ဧက၊ စိုက်ပျိုးပင်ပေါင်း (၂၂၀)ပင် စိုက်ပျိုးပြီးစီးမှုနှင့် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း၊ မိုင်တိုင်အမှတ် (၆၉/၁ နှင့် ၆၉/၂ ကြား)တွင် သစ်မျိုးစုံစိုက်ခင်း (၈)ဧက၊ အပင်ပေါင်း (၄၃၂၀) ပင်စိုက်ပျိုးရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ၂၂-၆-၂၀၂၄ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့သည်။