ကမ္ဘာ့အအေးပေးပစ္စည်းများနေ့အထိမ်းအမှတ်လှုပ်ရှားမှု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများဆောင်ရွက်

  ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အအေးပေးပစ္စည်းများနေ့ အထိမ်းအမှတ်လှုပ်ရှားမှုများကို မွန်ပြည်နယ် ၊ ဧရာဝတီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် ၂၆-၆-၂၀၂၄ ရက်နေ့၊ နံနက် ၉:၀၀ နာရီအချိန်တွင် အသီးသီးကျင်းပခဲ့သည်။

 မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန​က ပုသိမ်မြို့၊ ရွှေမြင်တင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ရွှေမြင်တင်)၊ ပညာရတနာခန်းမ၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၀၀)ဦးတို့အား အသိပညာပေး​​ဟော​ပြောခြင်းနှင့် လက်ကမ်းစာစောင် (၂၀၀)စောင်အား ဖြန့်ဝေခြင်း၊ အမှိုက်များအား စနစ်တကျ ခွဲခြားစွန့်ပစ်​​စေရေးအတွက် အမှိုက်ပုံးများပေးအပ်ခြင်း၊ ကရင်ပြည်နယ်၊ ဘားအံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးက ဘားအံမြို့နယ် တရုတ်လှစံပြကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း(၁၂၄)ဦးအား အသိပညာပေးဟောပြောခြင်း၊ အသိပညာပေး​​လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကလေးမြို့၊ အ.ထ.က(၃) အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းဦးရေ (၁၀၀)ခန့်အား အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။