ရှမ်းပြည်နယ်တွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောင်ပိုင်း) မူဆယ်ခရိုင်၊ မူဆယ်မြို့၊ လွယ်တိန်ခမ်းတောင်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၂၉.၆.၂၀၂၄ ရက်နေ့တွင်ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူ့စစ်အဖွဲ့များ၊ ဂေါပကအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြပြီး တပေဘူတ၊ တပေါင်းပန်း၊ ကံ့ကော်၊ ခရေ၊ စိန်ပန်း၊ ခါတော်မီ၊ မန်ဂျန်ရှား စုစုပေါင်း (၅၀၀)ပင်အား စိုက်ပျိုး ခဲ့ကြသည်။

ထို့နောက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ အင်းခေါင်းကန်ရေထွက်ဦး၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ၃၀-၆-၂၀၂၄ ရက်နေ့တွင်ကျင်းပရာ ဗထူးတပ်နယ်မှူး ၊ ဗိုလ်သင်တန်းကျောင်းကျောင်းအုပ်ကြီး၊ တပ်ရင်းတပ်ဖွဲ့တပ်ရင်းမှူးများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား/သူများတက်ရောက်ကြပြီး ကျွန်း၊ စိန်ပန်းပြာ၊ မျောက်ငို၊ ခါတော်မီ စုစုပေါင်း(၁,၀၀၀)ပင်တို့အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။