သစ်တောဦးစီးဌာန၊ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ” ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ   “ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲ” ကို ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ မိကျောင်းလှောင်းရွာသစ်ကျေးရွာရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေး ခန်းမ-EEC ၌ ၄-၇-၂၀၂၄ ရက်နေ့တွင်ကျင်းပရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ  စုစုပေါင်း (၈၈)ဦး တက်ရောက်ခဲ့ကြသည်။

ဟောပြောပွဲတွင် သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများဆိုင်ရာအသိပညာပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအကြောင်းသိကောင်းစရာများ စသည့်ခေါင်းစဉ်များဖြင့် ဟောပြောပြီးနောက် လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးပြခန်းအတွင်း လေ့လာခြင်း၊ မိကျောင်းလှောင်းပျိုးဥယျာဉ်တွင် လူထုဖြန့် ပျိုးပင်နှင့်သီးပင်စားပင်များ ပျိုးထောင်ထားရှိမှုအား လေ့လာခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။