တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင် စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ သစ်တောဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းရေးအသိပညာပေးဟောပြောပွဲကို ပုလောမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ၁၀.၇.၂၀၂၄ ရက်နေ့ တွင် ကျင်းပရာ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ တက်ရောက်ကြသည်။

ဟောပြောပွဲတွင် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်း၏ ရည်ရွယ်ချက်များ၊ သစ်ပင်များမှရရှိနိုင်သည့်အကျိုးကျေးဇူးများ၊ သစ်ပင်စိုက်ပျိုးနိုင်သည့်နည်းလမ်းများ၊ သစ်ပင်စိုက်ပျိုးရမည့်နည်းစနစ်များ၊ ပြုစုထိန်းသိမ်းခြင်းနည်းစနစ်များကို ဆွေးနွေးပြောကြားခဲ့ပြီးနောက် ကျောင်းသား/ကျောင်းသူများမှ မန်ဂျန်ရှားပျိုးပင်(၄၀)ပင်အား လက်တွေ့စိုက်ပျိုးခြင်း ဆောင်ရွက်ခဲ့သည်။