သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ဘွဲ့ကြိုဒုတိယနှစ် ကျောင်းသား၊ ကျောင်းသူများ ဘူမိဗေဒဘာသာရပ်ဆိုင်ရာ ကွင်းဆင်းလေ့လာရေးသွားရောက်

သစ်တောနှင့်ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဒုတိယနှစ် (ဒုတိယပညာသင်နှစ်ဝက်) ဘွဲ့ကြိုသင်တန်း ကျောင်းသား၊ ကျောင်းသူများသည် ၁၄-၇-၂၀၂၄ ရက်နေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိခရိုင်၊ ဇေယျာသီရိမြို့နယ်၊ လှေခွင်းတောင်အနီး ဝန်းကျင်တဝိုက်သို့ သွားရောက်၍ ဘူမိဗေဒဘာသာရပ်ဆိုင်ရာ ကွင်းဆင်း လေ့လာရေး ပြုလုပ်ခဲ့ကြသည်။

အဆိုပါကွင်းဆင်းလေ့လာရေး ခရီးစဉ်တွင် ဘူမိဗေဒဘာသာရပ်သင် ဆရာမ၏ ကြီးကြပ်မှုဖြင့် ဘွဲ့ကြိုသင်တန်း ဒုတိယနှစ်ကျောင်းသား (၄၉) ဦး၊ ကျောင်းသူ (၁၇) ဦး၊ စုစုပေါင်း (၆၆) ဦး ပါဝင်ခဲ့ကြပြီး  မီးသင့်ကျောက်၊ အသွင်ပြောင်းကျောက်တို့ ဖြစ်ပေါ်တည်ရှိမှု အခြေအနေများကို လက်တွေ့လေ့လာမှုများ ပြုလုပ်ခဲ့ကြသည်။