ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်း အသိပညာပေးဟောပြောပွဲအခမ်းအနားများကျင်းပ

            ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နှင့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်း အသိပညာပေးဟောပြောပွဲအခမ်းအနားများကို ၁၆-၇-၂၀၂၄ ရက်နေ့တွင် အသီးသီးကျင်းပခဲ့သည်။

         ကချင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြစ်ကြီးနားမြို့၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ နံနက် ၉:၃၀ နာရီအချိန်တွင် ကျင်းပခဲ့ရာ ဟောပြောပွဲအခမ်းအနားသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူစုစုပေါင်းလူဦးရေ (၂၆၀) ဦး တက်ရောက်ခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဝန်ထမ်းများက “အကျိုးပြုသစ်ပင်စိုက်ပျိုးရေး အားလုံးပါဝင်ပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “စွန့်ပစ်ပစ္စည်း ဆိုသည်မှာ” ခေါင်းစဉ်ဖြင့်လည်းကောင်း အသိပညာပေးဟောပြောခြင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဆိုင်ရာမေးခွန်းများ မေးမြန်း၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့သည်။

        မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ စာပေဟောပြောပွဲကို ၁၆-၇-၂၀၂၄ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီအချိန်တွင် ကျင်းပရာ စာပေဟောပြောပွဲအခမ်းအနားသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူစုစုပေါင်း (၅၂၀) ဦးတို့ တက်ရောက်ခဲ့ကြပြီး ကျောက်ဆည်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဝန်ထမ်းများက “စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများ” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ပတ်ဝန်းကျင် ထိန်းသိမ်း‌ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ပိုစတာများ ပြသခြင်းတို့ ဆောင်ရွက်ခဲ့သည်။