ရန်ကုန်တိုင်းဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် ‌“သစ်‌တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ” များကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ သစ်တောဦးစီးဌာနမှ ဦးဆောင်၍  ကျောင်းသား/ကျောင်းသူများအား “သစ်‌တောသစ်ပင်စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ”ကို  ထန်းတပင်မြို့နယ်၊ အခြေခံပညာအထက်တန်း‌ကျောင်း (လှိုင်ရတနာ ခန်းမ)၌ ၂၅.၇.၂၀၂၄ရက်နေ့တွင်ကျင်းပရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ်မှူး၊ မြို့နယ်ဒုတိယပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊  သစ်တောဝန်ထမ်းများ စုစုပေါင်း(၁၅၆)ဦး တက်ရောက်ခဲ့ကြပြီး ကျောင်းဝင်းအတွင်း ခ‌ရေပင်(၂၀)နှင့် ထိုင်ဝမ်ဘန်တာပင်(၁၀)ပင် စုစုပေါင်း ပျိုးပင်(၃၀)ပင်ကို  လက်တွေ့သရုပ်ပြ စိုက်ပျိုးခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် သစ်တောဦးစီးဌာနမှ  " မိုးရာသီသစ်ပင်စိုက်ပျိုး၊ပြုစု၊ထိန်းသိမ်းရေး" ခေါင်းစဥ်ဖြင့် သစ်ပင်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများ၊ သစ်ပင်စိုက်ပျိုး၊ ပြုစု၊ ထိန်းသိမ်းခြင်းနည်းစနစ်များနှင့် သစ်တောများထိန်းသိမ်းကာကွယ်ခြင်းစသည့် အကြောင်းအရာများကို ထားဝယ်မြို့၊အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌  ၂၄-၇-၂၀၂၄ ရက်နေ့တွင် ဟောပြောခဲ့ရာ ဆရာမများနှင့်ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကျောင်းဝင်း အတွင်း ခရေ၊ ရေတမာ၊ ဗန်ဒါ (၅၀)ပင်တို့အား သစ်တောဝန်ထမ်းများမှ သစ်ပင်စိုက်ပျိုးမှုနည်းစနစ်များ ရှင်းလင်းပြောကြား၍ ပူးပေါင်းစိုက်ပျိုး ဆောင်ရွက်ခဲ့ကြသည်။