သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပါမောက္ခချုပ်ဒိုင်း မိုးရာသီ ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပါမောက္ခချုပ်ဒိုင်း မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၉-၇-၂၀၂၄ ရက်နေ့၊ ၁၅:၃၀ နာရီအချိန်တွင် စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဘောလုံးအားကစားကွင်း၌ကျင်းပရာ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း၊ ပါမောက္ခချုပ်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်ဝစေရေးရည်ရွယ်ပြီး ပြိုင်ပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ အများနှင့်ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ၊ တရားမျှတစွာ ယှဉ်ပြိုင်သည့်အလေ့အထများ ရရှိလာစေလိုပါကြောင်းနှင့် မိမိတို့၏ အားနည်း ချက်များကို အားသာချက်များအဖြစ် ပြောင်းလဲနိုင်ရေး ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 ပါမောက္ခချုပ်ဒိုင်း မိုးရာသီဘောလုံးအားကစားပြိုင်ပွဲတွင် ဘွဲ့ကြိုသင်တန်းအသီးသီးမှ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ၂၉-၇-၂၀၂၄ ရက်နေ့မှ ၁၁-၈-၂၀၂၄ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။