ပြက္ခရွေတောင်ရှိ မြေတိုင်းမှတ်တိုင်(မြန်မာနိုင်ငံဗဟိုချက်)အား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်စစ်ဆေး

          မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝန်ကြီးများနှင့် အဖွဲ့တို့သည် ၃-၈-၂၀၂၄ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ပြက္ခရွေတောင်ရှိ မြေတိုင်းမှတ်တိုင် (မြန်မာနိုင်ငံဗဟိုချက်)အား ပြန်လည်ပြုပြင်ထိန်းသိမ်းရန်အတွက် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြေတိုင်းဦးစီးဌာနမှ တိုင်းတာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေတို့အား လာရောက်ကြည့်ရှုစစ်ဆေးရာ မြေတိုင်းဦးစီးဌာန၊ မြန်မာနိုင်ငံမြေတိုင်းကျောင်း၊ ညွှန်ကြားရေးမှူး(ကျောင်းအုပ်ကြီး)မှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။