သစ်တောဦးစီးဌာန၊ သစ်တောသုတေသန၊ ရေဆင်းရှိ စုဝေးခန်းမ၌ သစ်တောဦးစီးဌာနနှင့် ကိုရီးယားသစ်တောဌာန(KFS)တို့ ပူးပေါင်းဆောင်ရွက်သည့် FD-KFS REDD+ စီမံကိန်း၏ " GPS ကိုင်တွယ်အသုံးချခြင်း၊ Global Mapper ၊ QGIS နှင့် ArcGIS software များအသုံးပြု၍ မြေပုံထုတ်လုပ်ခြင်း သင်တန်း" ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၉)ရက်၊ တနင်္လာနေ့၊ နံနက် ၈:၃၀ နာရီတွင်ကျင်းပရာ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာသောင်းနိုင်ဦး တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သစ်တောသုတေသနဌာနမှ အရာထမ်းများ၊ သုတေသီများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများတက်ရောက်ခဲ့ကြပြီး တောအုပ်ကြီးအဆင့် သင်တန်းသား(၂၀)ဦးဖြင့် ၉-၉-၂၀၂၄ ရက်မှ ၂၀-၉-၂၀၂၄ ရက်အထိ သင်တန်းပို့ချ သွားမည်ဖြစ်သည်။