မွန်ပြည်နယ် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ ပဉ္စမအကြိမ်အစည်းအဝေးကို ၂၂-၁၀-၂၀၂၄ ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် မော်လမြိုင်မြို့ မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဥက္ကဌ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် ကော်မတီအဖွဲ့ဝင် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဆက်စပ်ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ကော်မတီအတွင်းရေးမှူး ပြည်နယ်သစ်တောဦးစီးဌာနညွှန်ကြားရေးမှူးမှ ပြည်နယ်ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှုကော်မတီ၏ လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြခြင်း၊ တွဲဘက်အတွင်းရေးမှူး (၁)ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ ရှင်းလင်းတင်ပြခြင်းများဆောင်ရွက်ခဲ့ကြပြီး ဆက်စပ်ဌာနဆိုင်ရာများနှင့် တက်ရောက်လာသူများမှ ကမ်းရိုးတန်းသယံဇာတများ ရေရှည်တည်တံ့စေရေးကိစ္စများအား ဆွေးနွေးခဲ့ကြပါသည်။