မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)အကောင်အထည်ဖော်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar) အကောင်အထည်ဖော်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ သတ္တမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ၂၇-၁၂-၂၀၂၄ ရက်နေ့၊ နေ့လယ် ၁:၀၀ နာရီအချိန်တွင် မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ One Map Myanmar အစည်းအဝေးခန်းမတွင်ကျင်းပရာ  နည်းပညာလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ မြေတိုင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးစိန်မင်း တက်ရောက်အဖွင့်အမှာ စကားပြောကြားသည်။

ထို့နောက် One Map Myanmar အကောင်အထည်ဖော်ရေးနှင့်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ အတွင်းရေးမှူးက ဆဋ္ဌမအကြိမ် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်များအား ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ Web Development Team, GIS Team နှင့် ICT Infrastructure Development တို့၏ ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်ချက်များအား မှတ်တမ်းတင်အတည်ပြုရန်နှင့် စီမံကိန်းဆောင်ရွက်ပြီးစီးမှုတို့ကို ရှင်းလင်းတင်ပြခဲ့ပြီး One Map Myanmar Geoportal တည်ဆောက်ပြီးစီးမှုအခြေအနေကို Video Clip ဖြင့် ရှင်းလင်း တင်ပြသည်။

ဆက်လက်၍ ICT Infrastructure Development Team, GIS Team နှင့် Web Development Team တို့၏ အဖွဲ့ခေါင်းဆောင်များမှ Team အလိုက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအား ရှင်းလင်းတင်ပြခြင်း၊ အစည်းအဝေးသို့ တက်ရောက်လာသော အဖွဲ့ဝင်များက ဖြည့်စွက်အကြံပြုတင်ပြခြင်းတို့ ဆွေးနွေးခဲ့ကြပြီး ညနေ ၄:၃၀ အချိန်တွင် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားမြေပုံစနစ်(One Map Myanmar)အကောင်အထည်ဖော်ရေးနှင့် နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့မှ အဖွဲ့ဝင်များဖြစ်ကြသည့် တပ်မတော်/ဦးစီးဌာန/ လုပ်ငန်း/ကော်မတီ/တက္ကသိုလ်များမှ အရာရှိကြီးများနှင့် အထူးဖိတ်ကြားထားသည့် One Map Myanmar Technical Team မှ အဖွဲ့ခေါင်းဆောင်များ၊ နည်းပညာရှင်များမှ တက်ရောက်ခဲ့ကြပြီး ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်ရှိ အဖွဲ့ဝင်များမှ Virtual စနစ်ဖြင့် တက်ရောက်ခဲ့ကြပါသည်။