သတင်းများ

နေပြည်တော်၊ ၃၁-၁-၂၀၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား World Wide Fund for Nature (WWF) ၏ အာရှပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Christy Williams နှင့်အဖွဲ့က ယနေ့ ၃၁-၁-၂၀၂၀ ရက်နေ့၊ ၁၅:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၊ ရုံးအမှတ်(၂၈)၊ နေပြည်တော်၌ လာရောက်တွေ့ဆုံဆွေးနွေး သည်။

နေပြည်တော်၊ ၃၀-၁-၂၀၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr.Bhim K. Udas အား ယနေ့ ၃၀-၁-၂၀၂၀ ရက်နေ့၊ (၁၁:၃၀)နာရီတွင် ရုံးအမှတ်(၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၁၂−၁−၂၀၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်တာဝန်ခံများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်မျက်အချောထည် လုပ်ငန်း၊ ရုံးအဆောက်အဦ တည်ဆောက်မှုလုပ်ငန်း၊ လူထုဖြန့် ပျိုးဥယျာဉ် နှင့် စိမ်းလန်း စိုပြည်ရေး စိုက်ခင်းများကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်၊ ၁−၁−၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဘကောင်း၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ် တာဝန်ခံများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ စိမ်းလန်းစိုပြည်ရေးစိုက်ခင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင်စိုက်ခင်းနှင့် ပလင်းကမ်းသာယာဆင်စခန်း တို့အားကြည့်ရှု စစ်ဆေးသည်။

နေပြည်တော်၊ ၂၃−၁၂−၂၀၁၉
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်(ပထမအကြိမ်) လေးလပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေး အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပသည်။

နေပြည်တော်၊ ၂၄-၁၂-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ အား PURDUE University၊ University Research and Innovation မှ Director ဖြစ်သူ Dr. Shannon Bischoff နှင့် အဖွဲ့အား ယနေ့ ၂၄-၁၂-၂၀၁၉ ရက်နေ့၊ (၀၉:၃၀)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၂၁−၁၂−၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ၂၁.၁၂.၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ နှင့်အတူ နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဖိုးဇောင်တောင်ကြိုးဝိုင်း၊ အကွက် အမှတ် (၂၀)အတွင်း နေပြည်တော်-တပ်ကုန်း အမှတ်(၁)လမ်း၊ မိုင်တိုင်အမှတ် (၁/၂)အနီး ၂၀၂၀ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်ရန် မြေနေရာရွေးချယ်ထားမှုအား ကွင်းဆင်း စစ်ဆေးကြည့်ရှု့ခဲ့ရာ စိုက်ခင်းမြေနေရာ ပြုပြင်ခြင်း၊ ရေနှင့် မြေဆီလွှာထိန်းသိမ်းရေးအတွက် ဗာတီဗာမြက်များ စိုက်ပျိုးခြင်း၊ နုန်းတားဆည်များ၊ ရေထိန်းတမံငယ်များ တည်ဆောက်ခြင်းတို့ နှင့်စပ်လျဉ်း၍ လိုအပ်သည်များအားလမ်းညွှန်မှာကြားခဲ့သည်။

နေပြည်တော်၊ ၁၇-၁၂-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် United Nations Human Settlements Programme (UN-Habitat)၊ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ Regional Director ဖြစ်သူ Mr. Atsushi Koresawa နှင့်အဖွဲ့အား ယနေ့ ၁၇-၁၂-၂၀၁၉ ရက်နေ့၊ (၁၄:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၁၃−၁၂−၂၀၁၉
ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ် သည့် (၇)ကြိမ်မြောက် အာဆီယံ သတ္တုကဏ္ဍ ဝန်ကြီးများအဆင့် အစည်းအဝေးသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်ခဲ့ ပါသည်။

နေပြည်တော်၊ ၁၂-၁၂-၂၀၁၉
မြန်မာ−သီရိလင်္ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် သီရိလင်္ကာနိုင်ငံတွင် သီးနှံ-သစ်တောရောနှောစိုက်ပျိုးခြင်းကို အထောက်အကူဖြစ်စေရန်အတွက် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ က မြန်မာနိုင်ငံ ဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H. E. Mr. E. M.M. Nandimithra Ekanayake ထံသို့ ကျွန်းမျိုးစေ့ (၁၅၀၀၀) စေ့အား ပေးအပ်လှူဒါန်းသည့် အခမ်းအနားကို ယနေ့ ၁၂-၁၂-၂၀၁၉ ရက် နေ့၊ (၁၅:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

Pages