သတင်းများ

စပိန်နိုင်ငံ ၊မက်ဒရစ် (၆.၁၂.၂၀၁၉၊)
၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာလ(၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာကွန်ဗင်းရှင်း (United Nations Convention on Climate Change - UNFCCC) အဖွဲ့ဝင်နိုင်ငံများ၏ (၂၅) ကြိမ်မြောက်ညီလာခံနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်ရန် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့သို့ ရောက်ရှိနေသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်‌‌ထောင်စုဝန်ကြီး ဦးအုန်းဝင်းဦးဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဒီဇင်ဘာလ(၆)ရက်နေ့ နေ့လည်ပိုင်းတွင် မက်ဒရစ်မြို့၊ Feria de Madrid (IFEMA) (အိုင်ဖီးမား) Exhibition Hall (9)၊ Room(12) တွင်ကျင်းပပြုလုပ်သည့် ကွန်းဗင်းရှင်း အဖွဲ့ဝင် နိုင်ငံများ၏ နိုင်ငံအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင် ရွက်မည့်လုပ်ငန်းအစီအစဉ် Informal Round Table on National Determined Contributions (NDC) အလွတ်သဘောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

စပိန်နိုင်ငံ၊ မက်ဒရစ်၊ ၅.၁၂.၂၀၁၉
ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကွန်ဗင်းရှင်း (United Nations Convention on Climate Change - UNFCCC) အဖွဲ့ ဝင်နိုင်ငံများ၏ (၂၅) ကြိမ်မြောက်ညီလာခံနှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့သို့ ရောက်ရှိနေသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်‌‌ထောင်စုဝန်ကြီး ဉီးအုန်းဝင်း ဉီးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့ နေ့လည်ပိုင်းတွင် Feria de Madrid (IFEMA) (အိုင်ဖီးမား) North Convention Centre တွင်ကျင်းပပြုလုပ်သည့် High Level Meeting on Forests အစည်းအဝေးသို့တက်ရောက်ခဲ့သည်။

စပိန်နိုင်ငံ၊ မက်ဒရစ်၊ ၄.၁၂.၂၀၁၉၊
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တွင် ဒီဇင်လာလ(၂)ရက်နေ့မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ် လျက်ရှိသည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာကွန်ဗင်းရှင်း(United Nations Convention on Climate Change - UNFCCC) အဖွဲ့ဝင်နိုင်ငံများ၏ (၂၅) ကြိမ်မြောက် ညီလာခံနှင့် ဆက်စပ် အစည်းအဝေးများ တက်ရောက်ရန် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့သို့ ရောက်ရှိနေသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်‌‌ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက်နေ့ နေ့လည််ပိုင်းတွင် Feria de Madrid (IFEMA) (အိုင်ဖီးမား) Exhibition Centre ရှိ Korea Pavilion တွင် ကိုရီယားသစ်တောဌာန (Korea Forest Service) မှ ဉီးဆောင်၍ The Role of REDD+ (ရဒ်ပလပ်စ်) for Local Communities ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သည့် Side Event အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားခဲ့သည်။

နေပြည်တော် ၊ ၄−၁၂−၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်‌‌ထောင်စုဝန်ကြီး ဉီးအုန်းဝင်း ဉီးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့၊ Feria de Madrid (IFEMA) ၌ ကျင်းပပြုလုပ်သည့် ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာကွန်ဗင်းရှင်း (United Nations Convention on Climate Change - UNFCCC) ၊ ချီလီနိုင်ငံနှင့် စပိန်နိုင်ငံအစိုးရတို့ ပူးပေါင်းကျင်းပသည့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း အဖွဲ့ဝင်နိုင်ငံများ၏ (၂၅) ကြိမ်မြောက် ညီလာခံ (25th Conference of Parties) သို့ တက်ရောက်ခဲ့သည်။

နေပြည်တော်၊ ၂၄−၁၁−၂၀၁၉
၁၉၁၉ ခုနှစ်တွင် တည်ထောင်စိုက်ပျိုးခဲ့သည့် ကျွန်းစိုက်ခင်း သက်တမ်း နှစ်(၁၀၀)ပြည့် အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် တောင်နဝင်းကြိုးဝိုင်း အကွက်အမှတ် (၂၀) တွင် ကျင်းပသည်။

မြေတိုင်းဦးစီးဌာနတွင် အသုံးပြုရန်အတွက် လုပ်ငန်းသုံးပစ္စည်းများအား ဌာနအရောက်တန်ဖိုး (D.D.P) (နေပြည်တော်)၊ မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်။

နေပြည်တော်၊ ၂၁−၁၁−၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၂၁.၁၁.၂၀၁၉) ရက်နေ့တွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တာချီလိတ် မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ဟကြားဒေသရှိ ရွှေဖြူကောင်းကင် နန်းတော်သတ္တုတူးဖော်ရေး ကုမ္ပဏီနှင့် အားရဲဒေသရှိ စိုင်းလောင်ဟိန်းသတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်တို့၏ မင်းဂနီးစ်ဒိုင် အောက်ဆိုဒ် အသေးစားသတ္တုတူးဖော်ရေးလုပ်ကွက်မှ အလတ်စားသတ္တုတူးဖော်ရေးသို့ ပြောင်းလဲ မည့်လုပ်ကွက်များအတွင်း ဘူမိဗေဒဓနှင့် ဓါတ်သတ္တုစမ်းသပ်တိုင်းတာရှာဖွေရေးလုပ်ငန်း တွေ့ရှိ ချက်များအရ သတ္တုသိုက်ဖြစ်ထွန်းတည်ရှိမှု၊ ပျမ်းမျှသတ္တုသားပါဝင်မှု၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှု အစီ အစဉ်ရေးဆွဲဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့သည်။

နေပြည်တော်၊ ၁၈-၁၁-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် အပြည်ပြည်ဆိုင်ရာသဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ ( International Union for Conservation of Nature - IUCN) , Head of Indo-Burma Group ဖြစ်သူ Mr. Jake Brunner အား ယနေ့ ၁၈-၁၁-၂၀၁၉ ရက်နေ့၊ (၁၁:၀၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော် နိုဝင်ဘာ ၁၈
ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း အမှတ်စဉ်(၇) ဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၉ နာရီတွင် သစ်တော သုတေသနဌာန၊ ရေဆင်းတွင် ကျင်းပ သည်။

နေပြည်တော်၊ ၁၇−၁၁−၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် နိုဝင်ဘာလ ၁၆ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပြည်နယ်/ခရိုင်/ မြို့နယ်တာဝန်ခံများ လိုက်ပါလျက် ရှမ်းပြည်နယ်အတွင်းရှိ သတ္တုတူးဖော်ရေးလုပ်ငန်းများ၊ သစ်တောဦးစီးဌာန၏ မင်းတိုင်ပင်သစ်တောလုပ်ငန်းလေ့ကျင့်သင်ကြားရေးစခန်း၊ ဒေသခံပြည်သူ များက ထိန်းသိမ်းစောင့်ရှောက်ထားသည့် သဘာဝတောနှင့် စိုက်ခင်းများ၊ စက်ရုံ၊ အလုပ်ရုံများ၏ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်အပေါ် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုတို့အား ကြည့်ရှုစစ်ဆေးသည်။

Pages