သတင်းများ

နေပြည်တော်၊ (၂၉.၆.၂၀၁၉)

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် (၂၉.၆.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီး ဌာနတို့မှတာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်း ကျေးရွာအနီးရှိ သစ်တောဦးစီးဌာနနှင့် နော်ဝေနိုင်ငံအခြေစိုက်၊ Worldview International Foundation တို့ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီး၏ ပင်လယ်ကမ်းရိုးတန်းဒေသရှိ ဒီရေတော များထိန်းသိမ်းခြင်း၊ စိုက်ပျိုးပြုစုခြင်းစီမံကိန်း ဒီရေတောပျိုးဥယျာဉ် ယာယီရှင်းလင်းဆောင်သို့ ရောက်ရှိခဲ့ရာ

၂၀၁၉ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ သယံဇာတတူးဖော်ထုတ်လုပ်မှုများ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးညီလာခံ 2019 Extractive Industries Transparency Initiated (EITI) Global Conference ဖွင့်ပွဲအခမ်းအနားကို (၁၈.၆.၂၀၁၉) ရက်နေ့ နံနက်ပိုင်းတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့၊ OECD Conference Center အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးဦးဆောင်သော မြန်မာ ကိုယ်စား လှယ်အဖွဲ့တက်ရောက်ခဲ့သည်။

နေပြည်တော်၊ ၁၆−၆−၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် (၁၆.၆.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ် ငန်းတို့မှ တာဝန်ရှိသူများနှင့်အတူ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်း(၁၆)ရပ်ကွက်၊ မောင်းမကန်ကမ်းသာ လမ်းဘေးရှိ သစ်တောဦးစီးဌာန၏ ဇီဝထင်းလောင်စာသစ်မျိုး သုတေ သနစမ်းသပ်စိုက်ခင်း (၃၉)ဧက စခန်းသို့ ရောက်ရှိစစ်ဆေးခဲ့ရာ တာဝန်ရှိသူများမှ သုတေသန စမ်းသပ်စိုက်ပျိုးမှုများအား ရှင်းလင်းတင်ပြခဲ့ကြသည်။

နေပြည်တော်၊ ၁၀-၆-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေအား ကိုရီးယားသမ္မတနိုင်ငံ၊ Ministry of Environment ၏ ဒုတိယ ဝန်ကြီးဖြစ်သူ H.E.Dr. Park Chunkyoo နှင့်အဖွဲ့မှ ယနေ့ ၁၀-၆-၂၀၁၉ ရက်နေ့၊ ၁၆:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးဧည့်ခန်းမ၊ ရုံးအမှတ် (၂၈)၊ နေပြည်တော်၌ လာရောက် တွေ့ဆုံ ဆွေးနွေးသည်။

နေပြည်တော်၊ ၁၀-၆-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် The World Bank Myanmar ၏ Environment and Natural Resources – ENR မှ Manager ဖြစ်သူ Mr. Christophe Crepin ဦးဆောင်သည့်အဖွဲ့ဝင်(၇)ဦးပါဝင်သောကိုယ်စားလှယ် အဖွဲ့အား ယနေ့ ၁၀-၆-၂၀၁၉ ရက်နေ့၊ (၁၁:၀၀)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၉−၆−၂၀၁၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဇွန်လ ၈ ရက်နေ့တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်တာဝန်ခံများ လိုက်ပါလျက် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ သစ်တောစိုက်ခင်းများ၊ လူထုဖြန့်ပျိုးဥယျာဉ်များနှင့် ပလင်းကမ်းသာယာ ဆင်စခန်းတို့အား ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်၊ ၆-၆-၂၀၁၉
သယံဇာတနှင့် သဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား World Wide Fund for Nature (WWF) မှ Country Director ဖြစ်သူ Dr. Christy Williams နှင့် အဖွဲ့က ယနေ့ ၆-၆-၂၀၁၉ ရက်နေ့၊ မွန်းလွဲ (၁၅:၃၀) နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လာရောက်တွေ့ဆုံ ဆွေးနွေးသည်။

နေပြည်တော် ဇွန် ၅
၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား စကားဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီခွဲ တွင် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် သယံဇာတနှင့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယခုဆွေးနွေးပွဲသည် လေထုညစ်ညမ်းမှုကြောင့် လက်ရှိကြုံတွေ့ နေရသည့် အသက်ဆုံးရှုံးမှုများ၊ စီးပွားရေး၊ လူမှုရေးဆုံးရှုံးမှုများ အပေါ် ပြန်လည်တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် လေထုညစ်ညမ်းမှု တိုက်ဖျက်ရေးတို့အတွက် အားလုံးပူးပေါင်းပြီး ဆက်လက် ဆောင်ရွက်ရမည့် အနာဂတ်လုပ်ငန်းများအတွက် များစွာ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ပါကြောင်း။

နေပြည်တော် ဇွန် ၅
၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၉ နာရီ တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ တွင် ကျင်းပရာ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် တက်ရောက်၍ မိန့်ခွန်းပြောကြားသည်။

နေပြည်တော်၊ ၂၀၁၉ခုနှစ် မေလ ၃၁ ရက်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် Food and Agriculture Organization of the United Nations (FAO)တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် မီးကာကွယ်ခြင်းဆိုင်ရာ ဘက်စုံအမျိုးသားမဟာဗျူဟာလုပ်ငန်း အစီအစဉ်ရေးဆွဲရေးစီမံကိန်း (Integrated National Strategic Action Plan on Fire Management in Myanmar)၏ ကနဦးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ရှိ သင်္ဂဟ ဟိုတယ် ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

Pages