သတင်းများ

နေပြည်တော် နိုင်ဝင်ဘာ ၂၄
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် (၂၄.၁၁.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး သစ်တော ဦးစီး ဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့မှ တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့နယ်၊ ပုသိမ် - ငွေဆောင် ကား လမ်း၊ မိုင်တိုင်အမှတ်(၁၇/၀) အနီး သလပ်ခွာကြိုးဝိုင်း၊ အကွက်အမှတ်(၂၇)အတွင်းရှိ ပုသိမ်မြို့ နယ်၊ သစ်တောဦးစီးဌာန၊ မြန်မာနိုင်ငံသစ်တောများပြည်လည်တည်ထောင်ရေးစီမံကိန်း၊ အမြဲတမ်း စခန်းရုံးသို့ရောက်ရှိခဲ့ရာ တာဝန်ရှိသူများက ပုသိမ်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ခုနှစ် အတွင်း ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။

နေပြည်တော် နိုဝင်ဘာ ၂၁
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အများပြည်သူများ စိတ်ဝင်တစား လည်ပတ်ရန် နေရာတစ်ခုအနေဖြင့် လည်းကောင်း၊ သစ်တောသစ်ပင်များအား ချစ်ခင်မြတ်နိုးသူများ တိုးပွားလာစေရန် ရည်ရွယ်ချက်ဖြင့် ၂၁.၁၁.၂၀၁၈ ရက်နေ့၊ ညနေ(၃:၀၀) နာရီအချိန်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ငလိုက်ကြိုးဝိုင်း အကွက် အမှတ်(၇၈)တွင်းရှိ ငလိုက်စခန်းသာ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးစခန်း ရွက်အုပ်ဖြတ် လျှောက်တံတား (Canopy Walk Bridge) ဖွင့်ပွဲ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

နေပြည်တော်၊ နိုဝင်ဘာ ၁၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် မြန်မာ့သစ်လုပ်ငန်း၊ သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူများလိုက်ပါလျက် နိုဝင်ဘာ ၁၇ ရက် နေ့တွင် မြန်မာ့သစ်လုပ်ငန်းလေ့ကျင့်ရေးသင်တန်းကျောင်းများ၊ သစ်တောဦးစီးဌာန သစ်စေ့ထုတ် ဧရိယာနှင့် ငလိုက်စခန်းသာဆင်ထိန်းသိမ်းစောင်ရှောက်ရေး စခန်းအတွင်း ဆောင်ရွက်လျှက်ရှိသည့် ရွက်အုပ်ဖြတ်လျှောက်လမ်း (Canopy Walk) တည်ဆောက် ရေးလုပ်ငန်းများအား ကြည့်ရှု စစ်ဆေး သည်။

နေပြည်တော်၊ ၁၄-၁၁-၂၀၁၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ရန်ကုန်မြို့အခြေစိုက် ဒိန်းမတ်နိုင်ငံသံရုံးမှ သံအမတ်ကြီး H. E. Mr. John Nielsen အား ၁၄-၁၁-၂၀၁၈ ရက်နေ့၊ (၁၅: ၁၅) နာရီတွင ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။
ဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော် နှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

နေပြည်တော် နိုဝင်ဘာ ၁၃
သစ်တောမြေ အသုံးပြုမှု လုပ်ပိုင်ခွင်မြှင့်တင်ရေးဆိုင်ရာ တတိယအကြိမ် အမျိုးသားအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက Grand Amara Hotel နေပြည်တော်တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။

နေပြည်တော်၊ ၁၁.၁၁.၂၀၁၈
သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်း လီမိတက်၏ (၂၅)ကြိမ်မြောက် အရပ်ရပ် ဆိုင်ရာနှစ်ပတ်လည် အစည်းအဝေးကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်း၊ မြန်မာ့သစ်လုပ်ငန်း(ရုံးချုပ်)ရှိ တော်ဝင်ခန်းမ၌ ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အမှာစကားပြောကြားခဲ့သည်။

နေပြည်တော် နိုဝင်ဘာ ၁ဝ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်တို့သည် ယနေ့တွင် မုတ္တမကမ်းလွန် ဒေသ လုပ်ကွက် M5 နှင့် M6 ၌ တည်ရှိသော ကမ်းလွန်ရတနာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး စီမံကိန်းကို သွားရောက် ကြည့်ရှုစစ်ဆေးကြသည်။

နေပြည်တော် ၊ နိုဝင်ဘာ ၇
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၇.၁၁.၂၀၁၈)ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန်(၅) အတွင်းရှိ United Wood Industries ကုမ္ပဏီမှ ကျွန်းသစ်နှင့် အောက်ချင်းစာ သစ်မျိုး များအသုံးပြု၍ ပန်းခြံနှင့် အိမ်ပြင်ပတွင် ထားရှိအသုံးပြုသည့် ပရိဘောဂများ (Garden Furniture) နှင့် Finger Joint ဖြင့် အိမ်သုံး ပရိဘောဂများ ထုတ်လုပ်နေမှုတို့အား ကြည့်ရှု့ စစ်ဆေးခဲ့သည်။

နေပြည်တော် နိုဝင်ဘာလ ၅
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (Asia Develop-ment Bank – ADB) တို့အကြား ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် လက်မှတ် ရေးထိုးခဲ့သည့် နည်းပညာ အကူအညီပေးရေး သဘောတူစာချုပ်အရ ပတ်ဝန်းကျင်ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ဖွဲ့စည်း တည်ဆောက်မှု မြှင့်တင်ခြင်းစီမံကိန်း (TA 8786- MYA: Environmental Safeguard Institutional Strengthening Project) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းအရ သတ္တု ကဏ္ဍဆိုင်ရာ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်းလမ်းညွှန်ချက် (မူကြမ်း)များကို ရေးဆွဲခဲ့ပြီး အပြီးသတ် ညှိနှိုင်းတိုင်ပင်မှု ဆွေးနွေးပွဲအား (၅-၁၁-၂၀၁၈) ရက်နေ့ နံနက် (၀၉:၃၀) နာရီတွင် နေပြည်တော်၊ Horizon Lake View Hotel ၌ ကျင်းပခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့ပါသည်။

နေပြည်တော် နိုဝင်ဘာ ၄
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်းသည် (၃.၁၁.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ သံတောင်မြို့ နယ်၊ တောင်ငူ-သံတောင်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၁/၀) အနီးရှိ (၁၉၆၇) ခုနှစ်တွင် တည် ထောင်ခဲ့သည့် သက်ကြီးပျဉ်းကတိုး စိုက်ခင်း(၁၈.၇၈)ဧကအား ကွင်းဆင်းစစ်ဆေးကြည့်ရှု့ခဲ ရာ ကရင်ပြည်နယ်၊ သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများမှ စိုက်ခင်းပြုစုပျိုးထောင်ခြင်းလုပ် ငန်း ဆောင်ရွက်ခဲ့မှုများအား စိုက်ခင်းမှတ်တမ်းများဖြင့် ရှင်းလင်းတင်ပြခဲ့သည်။

Pages