သတင်းများ

နေပြည်တော် နိုဝင်ဘာ ၁
အမျိုးသား မြေအသုံးချမှုကောင်စီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသား မြေအသုံးချမှုကောင်စီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ တက်ရောက်အမှာစကား ပြောကြားသည်။

နေပြည်တော်၊ အောက်တိုဘာ ၃၁
မြန်မာရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ် (Myanmar Climate Change Alliance Programme-MCCA) ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနနှင့် UNEP၊ UN-Habitat တို့အကြား နားလည်မှုစာချွန်လွှာကို ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုး အကောင်အထည်ဖော်ခဲ့ရာ အောက်တိုဘာ ၃၁ရက်တွင် ပြီးဆုံး မည်ဖြစ်၍ စီမံကိန်း အပြီးသတ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်တွင် ကျင်းပရာ အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်း တက်ရောက်၍ အမှာစကား ပြောကြားသည်။

နေပြည်တော်၊ အောက်တိုဘာ ၂၇
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် အောက်တိုဘာ ၂၇ ရက် နံနက်ပိုင်းတွင် နေပြည်တော် - ချောင်းနက်-တောင်တွင်းကြီး ပဲခူးရိုးမဖြတ်လမ်းတစ်လျှောက်ရှိ စိုက်ခင်းများ၏ ရှင်သန်အောင်မြင်မှု အခြေ အနေ၊ သဘာဝတောထိန်းသိမ်းဆောင်ရွက်မှုနှင့် သစ်တောသုတေသနဌာနက ဆောင်ရွက်လျှက် ရှိသည့် သုတေသနစမ်းသပ်ကွက်များ အားကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်၊ အောက်တိုဘာ ၂၆
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် ချင်းပြည်နယ် ကန်ပက် လက်မြို့နယ်ရှိ နတ်မတောင် (ခေါ်နူးစုမ်) အမျိုးသားဥယျာဉ်နှင့် ရိုးရာယဉ်ကျေးမှု ပြခန်းများအား သွားရောက်ကြည့်ရှုပြီး ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖ များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

၁။ မြေတိုင်းဦးစီးဌာနတွင် အသုံးပြုရန်အတွက် အောက်ပါ မြေပုံရေးဆွဲခြင်းလုပ်ငန်းသုံး Software နှင့် Workstation များအား ဌာနအရောက်တန်ဖိုး (D.D.P) (နေပြည်တော်)၊ မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်။

ရန်ကုန် အောက်တိုဘာ ၂၄
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် အောက်တိုဘာ ၂၃ ရက် နံနက်ပိုင်းတွင် မြန်မာ့သစ်လုပ်ငန်း နှင့် သစ်တောဦးစီးဌာနတို့မှ တာဝန်ရှိသူ များနှင့်အတူ ရန်ကုန်မြို့ အင်းစိန်မြို့နယ် ကြို့ကုန်းသစ်တောဝင်း အတွင်းရှိ သစ်တောဦးစီးဌာန ရိပ်သာ၌ ပုဂ္ဂလိကသစ်တော စိုက်ခင်းတည်ထောင်သည့်Forest Farm Family ကုမ္ပဏီနှင့် မြန်မာနိုင်ငံ ကြိမ်ဝါးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံခဲ့သည်။

နေပြည်တော်၊ အောက်တိုဘာ ၂၁

သယံဇာတနှင့်သဘာ၀ ပတ်၀န်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် အောက်တိုဘာလ ၂၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့ နယ်ရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးရုံးချုပ်၊ စန္ဒကူးခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ ဆုံပွဲအခမ်း အနားသို့တက်ရောက်ခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာနမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အရာရှိကြီးများ၊ သစ်တောဦးစီးဌာနမှ အလှည့်က ျပြောင်းရွှေ့ တာဝန်ထမ်းဆောင်သော အရာထမ်းများနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး ဦးစီးဌာနမှ ရာထူးတိုး သန္ဓေ အရာထမ်းများ တက်ရောက်ခဲ့ကြသည်။

နေပြည်တော်၊ ၁၉-၁၀-၂၀၁၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ရန်ကုန်မြို့ ဖင်လန်နိုင်ငံသံရုံးမှ Ambassador Extraordinary and Plenipotentiary ဖြစ်သူ H.E. Ms. Riikka Laatu အား ၁၉-၁၀-၂၀၁၈ ရက်နေ့၊ (၁၃:၃၀) နာရီ တွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

နေပြည်တော် အောက်တိုဘာ ၁၇
တောရိုင်းတိရစ္ဆာန်များ တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဆိုင်ရာ ညီလာခံကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ အောက်တိုဘာ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့်အဖွဲ့ တက်ရောက်ခဲ့သည်။

နေပြည်တော်၊၈-၁၀-၂၀၁၈
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး Mrs. Alessandra Schiavo နှင့် အဖွဲ့အား ၈-၁၀-၂၀၁၈ ရက်နေ့၊ (၁၀:၀၀)နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံဆွေးနွေးသည်။

Pages