သတင်းများ

နေပြည်တော်၊ ၂−၃−၂၀၂၀

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် မတ်လ ၁ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတ၊ သဘာဝပတ်ဝန်းကျင်၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့်လုပ်ငန်းဌာနတို့မှ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် တာဝန်ခံများ လိုက်ပါလျက် မကွေးတိုင်းဒေသကြီးအတွင်းရှိ စိမ်းလန်းစိုပြည်ရေးစိုက်ခင်း၊ တောင်တန်း စိုက်ခင်း၊ ရွှေစက်တော်တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ရွှေသမင်များနှင့် ကျေးငှက်များ သောက် သုံးရန်အတွက် ရေကန်၊ ကြယ်လိပ် မွေးမြူရေးခြံနှင့် ရွှေစက်တော်-မန်းချောင်း အပန်းဖြေဆင်စခန်း တို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်၊ ၁၇−၂−၂၀၂၀
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီး /ခရိုင်/မြို့နယ် တာဝန်ခံများ လိုက်ပါလျက် မြန်မာ့သစ်လုပ်ငန်း၊ လေ့ကျင့်ရေးသင်တန်းကျောင်း အမှတ်(၁)၊ နန်ချွန်၊ အုတ်တွင်းမြို့နယ်ရှိ ဆင်ဆေးရုံနှင့် ရေတာရှည်မြို့နယ်ရှိ ဖိုးကြားဆင်စခန်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

နေပြည်တော်၊ ၂၁-၂-၂၀၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ကမ္ဘာ့ဘဏ် မှ Senior Natural Resources Management Specialist ဖြစ်သူ Ms. Nina Doetinchem နှင့်အဖွဲ့အား ယနေ့ ၂၁-၂-၂၀၂၀ ရက်နေ့၊ (၀၉:၃၀)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၁၁-၂-၂၀၂၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဝူဟန်မြို့မှစတင်ဖြစ်ပွားသော(2019 Novel Coronavirus)ကြောင့် ဖြစ်ပွားသောရောဂါနှင့်ပတ်သက်၍ အသိပေးဆွေးနွေးဟောပြောပွဲကို သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ လည်းကောင်း၊ သတ္တုရေးရာ သီရိရတနာခန်းမ၌လည်းကောင်း ယနေ့ မွန်းလွဲပိုင်းက အသီးသီးပြုလုပ်ခဲ့သည်။

နေပြည်တော်၊ ၁၀-၂-၂၀၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် Worldview International Foundation (WIF) မှ အထွေထွေအတွင်းရေးမှူးချုပ် Dr. Arne Fjortoft ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ၁၀-၂-၂၀၂၀ ရက်နေ့၊ (၁၀:၃၀)နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၃-၂-၂၀၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဂျာမနီံ၊ သြစတြေးလျ၊ ဘရာဇီးလ်၊ တောင်အာဖရိကနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ (ကူမင်းမြို့) များသို့ သွားရောက်တာဝန်ထမ်းဆောင်မည့် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ စီးပွားရေးသံမှူး(၅)ဦးအား ယနေ့ ၃-၂-၂၀၂၀ရက်နေ့၊ (၁၀:၀၀)နာရီ တွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၁−၂−၂၀၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဉီးအုန်းဝင်းသည် (၁.၂.၂၀၂၀)ရက်နေ့ နံနက်ပိုင်းတွင် သစ်တောဉီးစီးဌာနမှ တာဝန်ရှိသူများနှင့် အတူ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၁၇) အနီး၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ဖြူးကွန်း(၁) ကြိုးပြင်ကာကွယ်တောအတွင်း စိုက်ပျိုးတည်ထောင် ထားသော ပုဂ္ဂလိကသစ်မာမျိုးစုံစိုက်ခင်း (၁၀၀)ဧကသို့ ရောက်ရှိခဲ့ရာ ရှေးဉီးစွာ စိုက်ခင်းစခန်း နားနေဆောင်တွင် ပုဂ္ဂလိကသစ်မျိုးစုံစိုက်ခင်း စိုက်ပျိုးတည်ထောင်သူ ဉီးသက်စိုးမှ စိုက်ခင်း (၁၀၀)ဧကအတွင်း သစ်တောသစ်ပင်များ၊ အလှပန်းပွင့်ပင်များနှင့် သစ်ခွမျိုးစိတ်များ၊ ဝါးမျိုးစိတ် များအား အကွက်အလိုက် ခွဲခြားသတ်မှတ်၍ ရုက္ခဗေဒဥယျာဉ်တစ်ခု တည်ထောင်နိုင်ရန် စနစ်တကျ စိုက်ပျိုးထားရှိမှုများအား ရှင်းလင်းတင်ပြခဲ့သည်။

နေပြည်တော်၊ ၃၁-၁-၂၀၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းအား World Wide Fund for Nature (WWF) ၏ အာရှပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Dr. Christy Williams နှင့်အဖွဲ့က ယနေ့ ၃၁-၁-၂၀၂၀ ရက်နေ့၊ ၁၅:၀၀ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၊ ရုံးအမှတ်(၂၈)၊ နေပြည်တော်၌ လာရောက်တွေ့ဆုံဆွေးနွေး သည်။

နေပြည်တော်၊ ၃၀-၁-၂၀၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ နီပေါနိုင်ငံ သံအမတ်ကြီး H.E. Mr.Bhim K. Udas အား ယနေ့ ၃၀-၁-၂၀၂၀ ရက်နေ့၊ (၁၁:၃၀)နာရီတွင် ရုံးအမှတ်(၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

နေပြည်တော်၊ ၁၂−၁−၂၀၂၀
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဌေးအောင်၊ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်တာဝန်ခံများလိုက်ပါလျက် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကျောက်မျက်အချောထည် လုပ်ငန်း၊ ရုံးအဆောက်အဦ တည်ဆောက်မှုလုပ်ငန်း၊ လူထုဖြန့် ပျိုးဥယျာဉ် နှင့် စိမ်းလန်း စိုပြည်ရေး စိုက်ခင်းများကြည့်ရှုစစ်ဆေးသည်။

Pages