သတင်းများ

နေပြည်တော် မတ် ၂၁
အပြည်ပြည်ဆိုင်ရာသစ်တောများနေ့ အခမ်းအနားကို ယနေ့ နံနက် (၉)နာရီက နေပြည်တော် ရေဆင်းရှိ သစ်တော သုတေသနဌာန၌ ကျင်းပသည်။ အခမ်းအနားတွင် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက ယနေ့ ကမ္ဘာ့ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှုနှင့်အတူ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံ အသီးသီးသည် ရာသီဥတုပြောင်းလဲမှုများနှင့် နောက်ဆက်တွဲ အကျိုးဆက်များကို ရင်ဆိုင်တွေ့ကြုံရလျက် ရှိပါကြောင်း၊

တနင်္သာရီသဘာဝကြိုးဝိုင်းအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ တွေ့ရှိရနိုင်မှု၊ ကျက်စား နေထိုင်မှု၊
ပျံ့နှံ့ကျက်စားမှုအခြေအနေများကို သိရှိမှတ်တမ်းတင်နိုင်ရန်အတွက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကင်မရာထောင်ချောက် ၆၀ လုံးတပ်ဆင်ခြင်းကို ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလမှ စတင် ဆောင်ရွက်ခဲ့ရာ ကျားမှတ်တမ်းဓါတ်ပုံများ ရရှိခဲ့ပါသည်။

နေပြည်တော်၊ ၁၄.၃.၂၀၁၉
ဒုတိယအကြိမ် ဂျပန်-မြန်မာ ပတ်ဝန်းကျင်ရေးရာ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲတက်ရောက် ရန်အတွက် ဂျပန်နိုင်ငံ၊ တိုကျိုမြို့သို့ရောက်ရှိနေသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ၁၁.၃.၂၀၁၉ ရက်နေ့ ညနေပိုင်းတွင် ဂျပန်နိုင်ငံ၊ ပတ်ဝန်းကျင်ရေးရာဝန်ကြီး ဌာန (Ministry of Environment) မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်ခဲ့ သည်။

နေပြည်တော်၊ ၅-၃-၂၀၁၉
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် The World Bank မှ Program Leader ဖြစ်သူ Mr. Mark Austin နှင့်အဖွဲ့အား ယနေ့ ၅-၃-၂၀၁၉ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

မြေတိုင်းဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် လုပ်ငန်းသုံးပစ္စည်းများအား ဌာနအရောက်တန်ဘိုး (D.D.P) နေပြည်တော် ၊ မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ရန်ကုန် မတ် ၃
ဆင်ပြတိုက်ဖွင့်လှစ်ခြင်း၊ ဖမ်းဆီးရမိဆင်စွယ်၊ ဆင်အစိတ်အပိုင်းများနှင့် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများ ဒုတိယအကြိမ် ဖျက်ဆီးခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲက သဘာဝ သမိုင်း ပြတိုက် တိရစ္ဆာန်ဥယျာဉ် (ရန်ကုန်)၌ ကျင်းပသည်။

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးအုန်းဝင်း သည် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနနှင့် လုပ်ငန်းဌာနတို့မှ တာဝန်ရှိသူများလိုက်ပါလျက် ဖေဖော် ဝါရီလ ၂၃ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်သစ်ထုတ်ရေးဒေသ၊ စဉ်ကူး မြို့နယ်ရှိ ဂဒူးတသစ်ဆိပ်နှင့် သပိတ်ကျင်းမြို့နယ် ပိုးဇာသစ်ဆိပ်တို့၌ သစ်တောဦးစီးဌာန ဖမ်းဆီး သစ်နှင့် မြန်မာ့သစ်လုပ်ငန်း၏ သစ်ထုတ်လုပ်ကွက်များမှ ထွက်ရှိလာသောသစ်များအား စနစ်တကျ စုပုံထားရှိမှုနှင့် လပ်ပုံထိုင် ဆောင်ရွက်မှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

နေပြည်တော်၊ ၁၉-၂-၂၀၁၉
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း အား ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ၏ Assistant Director General ဖြစ်သူ Ms. Kundhavi Kadiresan နှင့်အဖွဲ့မှ ယနေ့ ၁၉-၂-၂၀၁၉ ရက်နေ့၊ (၁၅:၃၀) နာရီတွင် ရုံးအမှတ် (၂၈)၊ ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

မြိတ် ဖေဖော်ဝါရီ ၁၄
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ရောက်ရှိနေသည့် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ်္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဦးမင်းသူ၊ ဦးအုန်းဝင်း၊ ငြိမ်းချမ်း ရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ ဒုတိယဝန်ကြီး ဦးလှမော်ဦးနှင့် တာဝန် ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မြိတ်မြို့မှ တပ်မတော်ရဟတ်ယာဉ်များဖြင့် ထွက်ခွာကြရာ ဘုတ်ပြင်းမြို့နယ် ပုလဲကျွန်းသို့ရောက်ရှိကြသည်။

နေပြည်တော် ဖေဖော်ဝါရီ ၁၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သည် ဖေဖော်ဝါရီ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်ရှိ အပူပိုင်းဒေသ စိမ်းလန်းစိုပြည် ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ရုံး၊ စန္ဒကူးခန်းမ၌ သစ်တောဦးစီးဌာနမှ အပူပိုင်းဒေသ စိမ်းလန်း စိုပြည်ရေး ဦးစီးဌာနသို့ အလှည့်ကျပြောင်းရွှေ့တာဝန် ထမ်းဆောင်သည့် ဝန်ထမ်းများအား တွေ့ဆုံ မှာကြားသည်။

Pages