လုပ်ငန်းကော်မတီ

နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ ပဉ္စမအကြိမ်အစည်းအဝေး ကျင်းပ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးကို ၂၉-၁၁-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ လုပ်ငန်းကော်မတီဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီးများ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သယံဇာတရေးရာဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

လုပ်ငန်းကော်မတီ စတုတ္ထအကြိမ် အစည်းအဝေး နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ၁၃.၅.၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပပြုလုပ်ရာ လုပ်ငန်းကော်မတီဥက္ကဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဥက္ကဌ စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်နှင့် လုပ်ငန်းကော်မတီဝင်များ၊ တာဝန်ရှိသူများ တက်ရောက်ကြပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် သယံဇာတရေးရာ ဝန်ကြီးများက Virtual စနစ်ဖြင့် တက်ရောက်ကြသည်။

လုပ်ငန်းကော်မတီတတိယအကြိမ်အစည်းအဝေး လုပ်ငန်းကော်မတီ တတိယအကြိမ် အစည်းအဝေးကို ၄-၅-၂၀၂၃ ရက်နေ့တွင် ကျင်းပ၍ အောက်ဖော်ပြပါအစည်းအဝေးဆုံးဖြတ်ချက် (၇) ရပ်ကို ချမှတ်ခဲ့ပါသည်

လုပ်ငန်းကော်မတီဒုတိယအကြိမ်အစည်းအဝေး လုပ်ငန်းကော်မတီဒုတိယအကြိမ်အစည်းအဝေးကို ၂-၈-၂၀၂၂ ရက်နေ့တွင် ကျင်းပခဲ့ပြီး အောက်ဖော်ပြပါ အစည်းအဝေး ဆုံးဖြတ်ချက် (၆) ရပ်ကိုချမှတ်ခဲ့ပါသည်။

လုပ်ငန်းကော်မတီပထမအကြိမ်အစည်းအဝေး လုပ်ငန်းကော်မတီအစည်းအဝေးကို ဗဟိုကော်မတီအစည်းအဝေးမကျင်းပမီ (၁) လ ကြိုတင်၍ ကျင်းပပြီး ဗဟိုကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက် တိုးတက်မှုအခြေအနေများနှင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်း အခြေအနေများကို ညှိနှိုင်းဆွေးနွေးကြပါသည်။

လုပ်ငန်းကော်မတီဖွဲ့စည်းခြင်း နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းကော်မတီ ကို ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် အစည်းအဝေးဆုံးဖြတ်ချက်များကို အကောင် အထည်ဖော် ဆောင်ရွက်ရန်အတွက် ၆-၉-၂၀၁၇ ရက်နေ့တွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၁၁၆/ ၂၀၁၇ အရ အဖွဲ့ဝင် (၁၂) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။ လုပ်ငန်းတာဝန် (၆) ရပ်ကို အပ်နှင်းထားရှိပါသည်။